ထားဝယ်ပန်းချီဆရာများ ရဲ့ ပုဂံပန်းချီပြပွဲ

0
517

ထားဝယ်သားပန်းချီဆရာ လေးယောက်ရဲ့ ပုဂံဒေသ အလှပန်းချီပြပွဲ တတိယရက် မြင်ကွင်းများကို ဖော်ပြ​ပေးလိုက်ပါတယ်။

“ Dawei To Bagan “ အမည်ဖြင့် ရေဆေးပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၂၄ ကနေ မတ်လ၂ ရက်နေ့အထိ ထားဝယ်မြို့၊ဆန်းချီရပ်က လှိုင်းခတ်သံ ပန်းချီပြခန်းမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

ထားဝယ်သားပန်းချီဆရာတွေ ဖြစ်တဲ့ ကရဝိက်ဦးလှရွှေ၊ လီယိုစောအယ်၊ ပန်းချီ သန်းဌေး ၊ ပန်းချီ ဇာနည်စိုးမိုး တို့လေးဦးက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပုဂံခရီးစဥ်အတွင်းရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ထားဝယ်မြို့မှာပြပွဲ ပြုလုပ်ခဲ့တာပါ။

ပန်းချီဆရာတစ်ဦး ၁၀ ကား နှုန်းနဲ့ စုစုပေါင်း ပန်းချီကား၄၀ပါဝင်ပြသထားပြီး ပြပွဲတတိယရက်မှာ ၂၅ ရာခိုင်နှုန်း ​ရောင်းထွက်သွားပြီလို့ ပြပွဲမှာပါဝင်တဲ့ ပန်းချီဆရာ​တွေကပြောပါတယ်။