ထိုင်းစက်ရုံတွင် တရားမဝင်လုပ်ကိုင်နေသော မြန်မာလုပ်သားများ ဖမ်းဆီးခံရ

0
955

ထိုင်းနိုင်ငံ ရယွန်ခရိုင် စက်ရုံတစ်ခုရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ လုပ်ကိုင်နေကြသဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ရယွန်ခရိုင် နိခုံးဖတ်ထနာဒေသရှိ စက်ရုံတစ်ခုတွင် နိုင်ငံခြားသား အလုပ်သမားများ တရားမဝင် လုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ထိုင်းလဝကအဖွဲ့များအပါအဝင် ဌာနပေါင်းစုံက ယနေ့ (ဖေဖော်ဝါရီ ၇) တွင် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

စက်ရုံထဲစစ်ဆေးရာ မြန်မာအလုပ်သမား ၂၈ ဦးသည် သက်ဆိုင်ရာစာရွက်များကို ပြသနိုင်ခဲ့သော်လည်း အလုပ်လုပ်ခွင့်လက်မှတ်များကို မပြသနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ထပ် မြန်မာအလုပ်သမား ၃၁ ဦးကလည်း နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်စာရွက်စာတမ်းများ ပြသထားနိုင်သော်လည်း အလုပ်ရှင်မတူဘဲ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

စက်ရုံတွင် နောက်ထပ် တရုတ်နိုင်ငံသား ၃ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦးကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပြီး အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။

တရားမဝင် လုပ်ကိုင်နေသူအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိခုံးဖတ်ထနာရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ကျခံနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်သည်။

အကယ်၍ အလုပ်လုပ်ခွင့်လက်မှတ်ရှိပါကလည်း သတ်မှတ်ထားသော အလုပ်ရှင်တွင်သာ လုပ်ကိုင်ခွင့်ရှိပြီး ဝင်ရောက်စစ်ဆေးစဉ်တွင် အလုပ်ရှင် သို့မဟုတ် သူဌေးမတူပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ထိုင်းအလုပ်သမားဥပဒေက ပြဌာန်းထားသည်။

Ref: Siamrath, หนังสือพิมพ์รายวัน.สยามประชา