လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

0
2164

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကာ လောင်းလုံးမြို့ပေါ် လမ်းမများတွင် ဖြတ်သန်းသွားလာသူကင်းမဲ့နေကြောင်း ဒေသခံတို့က ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုမှာ ယနေ့ နံက် နက် ၆ နာရီဝန်းကျင်ကနေ ၁၀ နာရီ ဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်းဒေသခံတို့က ပြောသည်။

အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။