တိတ်ဆိတ်နေသော မောင်းမကန်

0
611
ဓာတ်ပုံ - CJ

ခရီးသွား​တွေအကြား လူသိများထင်ရှားတဲ့ ထားဝယ်ဒေသက နာမည်ကျော် မောင်းမကန်ကမ်းခြေ ရဲ့ မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပွင့်လင်းရာသီ ဖြစ်ပေမဲ့ ကိုဗစ်ကပ်ဘေးကာလ မတိုင်မီကလို ခရီးသွားတွေအများအပြား လာရောက်တာမရှိတော့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ အခါကြီးရက်ကြီး​တွေရောက်မှသာ ထားဝယ်ဒေသအတွင်းက လာရောက်လည်ပတ်သူအချို့နဲ့ အနည်းငယ်စည်ကားတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။

မောင်းမကန် ကမ်းခြေတည်ရှိတဲ့ မောင်းမကန်စံပြရွာအပါအဝင် လောင်းလုံးမြို့နယ်က ကျေးရွာအများစုဟာ မကြာခဏ စစ်ကြောင်းထိုးခံရလေ့ရှိပြီး ရွာသားတွေ မကြာခဏ ထွက်ပြေးတိမ်းရှောင်​နေရပါတယ်။