နေအိမ်တစ်ရာကျော် မီးရှို့ခံထားရတဲ့ လောင်းလုံးမှာ “ငါတို့ရဲ့ ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ” ခေါင်းစဥ်နဲ့ဆန္ဒပြ

0
734
ဓာတ်ပုံ - ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)

ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ‘ငါတို့ရဲ့ယုံကြည်မှုကို မီးရှို့ဖျက်ဆီးလို့မရ’ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်မှာ ပြုလုပ်ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ဒေသခံအမျိုးသမီး လူငယ်တွေအပါအဝင် ပြည်သူလူထု ပူးပေါင်းပါဝင်ခဲ့​ကြပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ၁၈ ရက်ကြာ လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး ကျေးရွာတချို့ နေအိမ် ၁၄၀ ခန့် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။