စိန်ခေါ်ပွဲ မထိုးသတ်ခင်မှာတင် စကားလုံးတိုက်ပွဲ ပြင်းထန်လာနေတဲ့ ဒေဝနဲ့ ပရွမ်းဆမ်းနန်

0
996

မြန်မာ့လက်ဝှေ့အလွတ်တန်းချန်ပီယံဟောင်း ဒေ့ဗ်လက်ပ်ဒက်ဗ်(ခ)ဒေဝ ဟာ လာမယ့်သီတင်းပတ် တစ်ပတ်ကျော်ကာလမှာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးပွဲစဉ်ကို ထိုးသတ်တော့မှာပါ။

ဒီပွဲစဉ်ကို အရှေ့တောင်အာရှရဲ့အကြီးကျယ်ဆုံးပွဲစဉ် ဖြစ်လာလိမ့်မယ်လို့တောင် ဒေဝက တင်စားရည်ညွှန်းထားပါတယ်။

ဒေဝဟာ မြန်မာနိုင်ငံတစ်ခုတည်းမှာတင် ကြည့်ရှုအားပေးသူ ပရိသတ်ပေါင်း သန်း ၃၀ လောက်အထိ ရှိနေသူပါ။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံရွှေခါးပတ်ကိုဆိုရင် ဒေဝက ၆ ကြိမ်တောင် ရရှိခဲ့ဖူးပါတယ်။ ဒေဝရဲ့ကစားသမားဘဝဖြတ်သန်းမှု နောက်ဆုံးပွဲစဉ်မှာ ဒေဝကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်မယ့်သူက ကမ္ဘောဒီးယားအကျော်အမော် ပရွမ်းဆမ်းနန် ဖြစ်ပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ကိုရောက်ရင် သူတို့နှစ်ယောက်ရဲ့အထူးစိန်ခေါ်ပွဲကို ရှုစားကြရတော့မှာပါ။

လတ်တလောမှာတော့ စိန်ခေါ်ပွဲအဖြစ် မယှဉ်ပြိုင်ခင်မှာတင်ပဲ ဒေဝနဲ့ ပရွမ်းဆမ်းနန်တို့အကြား စကားလုံးတိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုပဲ ပြင်းထန်နေပြီလို့နေပါပြီ။