ညီမဖြစ်သူ ကွယ်လွန်သွားလို့ အောင်မြင်နေတဲ့ ကစားသမားဘဝကို ကျောခိုင်းစွန့်လွှတ်လိုက်တဲ့ အန်ဂျလာလီ

0
1191

သူမ နားသွားခဲ့ပြီ။ အောင်မြင်နေတဲ့ ကစားသမားဘဝကို စောစောစီးစီးပဲ အဆုံးသတ်သွားခဲ့ပါပြီ။

၁၉၉၆ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ဖွားမြင်ခဲ့တဲ့ သူမရဲ့နာမည်က အန်ဂျလာ လီ ပဲဖြစ်ပါတယ်။

အန်ဂျလာ လီ ဟာ One Championship လောကထဲ နာမည်ကောင်းတစ်ခုကို တည်ဆောက်ထားသူပါ။

ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ဆွတ်ခူးရယူထားတဲ့ အန်ဂျလာ လီ ဟာ ဘာကြောင့် ကစားသမားဘဝကို ကျောခိုင်းလိုက်တာပါလဲ။

အကြောင်းရင်းကတော့ သူမရဲ့ ညီမငယ်လေး ဗစ်တိုးရီးယား လီ ကွယ်လွန်သွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဗစ်တိုးရီးယား လီ ဟာ အသက် ၁၈ နှစ်အရွယ်နဲ့ ကွယ်လွန်သွားခဲ့တာပါ။

ဗစ်တိုးရီးယား လီ ဟာလည်း အန်ဂျလာလီ လို One Championship ပြိုင်ပွဲမှာ ပါဝင်ကစားနေသူဖြစ်ပြီး ဗစ်တိုးရီးယား လီ ဘာကြောင့် ကွယ်လွန်သွားခဲ့ရတယ်ဆိုတာကို အန်ဂျလာ လီတို့ မိသားစုဘက်က အခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

သေချာတာတစ်ခုကတော့ ဗစ်တိုးရီးယား လီ ကွယ်လွန်သွားမှုက အန်ဂျလာ လီတို့ မိသားစုကို အကြီးအကျယ် ရိုက်ခတ်ခဲ့တယ်ဆိုတာပါပဲ။

အခုတော့ အဲ့ဒီဖြစ်စဉ်ရဲ့အကျိုးဆက်တစ်ခုအဖြစ် ကစားသမားဘဝကနေ အန်ဂျလာ လီ အနားယူသွားခဲ့ပြန်ပါပြီ။