လောဘ (သို့မဟုတ်) လောင်မြိုက်ခြင်း (သို့မဟုတ်) Kondraal Paavam

0
1795

Kondraal Paavam။ Dawei Watch ရဲ့ စိတ်အပန်းဖြေစရာ ရုပ်ရှင်ကမ္ဘာ အစီအစဉ်ထဲမှာ အခုတစ်ပတ် တင်ဆက်ပေးဖို့ ရွေးချယ်လိုက်တဲ့ ဇာတ်ကားလေးက Kondraal Paavam ပါပဲ။

ဒီဇာတ်ကားဟာ ပြဇာတ်အဖြစ် ကပြတော့လည်း နာမည်ကြီးခဲ့သလို ရုပ်ရှင်ဇာတ်ကားရိုက်ကူးတော့လည်း အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်။

ရုပ်ရှင်ကားကောင်းတွေ ကြည့်ရှုရတာကို ဝါသနာပါတယ်ဆိုရင် ဒီဇာတ်ကားကို ဟောလိဝုဒ်ဇာတ်ကားနှစ်ကားဖြစ်တဲ့ ကင်မရွန်းဒီးယားဇ်ရဲ့ဇာတ်ကား The Box၊ လူငယ်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ The Brass Teapot တို့နဲ့ တွဲဖက်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဟောလိဝုဒ်ဇာတ်ကားတွေက တစ်ဆင့်ချင်းအလိုက် ပါးပါးလေးတွေ ပုတ်သွားပြီး အိန္ဒိယဇာတ်ကားကတော့ ခပ်ထူထူ ပြသွားတာကို မြင်တွေ့ရမှာပါ။

အာရှနဲ့ အာရှအငွေ့အသက်၊ အာရှရိုးရာအယူအဆတွေကို သဘောကျရင် Kondraal Paavam က အရသာတစ်ခု ပေးမှာဖြစ်ပြီး The Box နဲ့ The Brass Teapot တို့ကတော့ အနောက်တိုင်းအငွေ့အသက်နဲ့ ဟောလိဝုဒ်အရသာကို ပေးစွမ်းပါလိမ့်မယ်။