ရက် ၉၀၀ အတွင်း သုံးဆနီးပါးတက်သွားသည့် ရွှေဈေး

0
1240

အာဏာသိမ်းပြီးရက်ပေါင်း ၉၀၀ အကြာမှာတော့ ပြည်တွင်းရွှေဈေးက သုံးဆနီးပါး ခုန်တက်သွားပါပြီ။

အာဏာမသိမ်းခင်က တစ်ကျပ်သား ၁၃ သိန်းသာရှိတဲ့ အခေါက်ရွှေဟာ အခုချိန်မှာတော့ ၃၈ သိန်းဖြစ်သွားတာပါ။

ဈေးကွက်ထဲ ရွှေဈေးက တည်ငြိမ်မှုမရှိဘဲ ကမောက်ကမဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေပါတယ်။

ပြည်တွင်းရွှေဈေး စံချိန်တင်တက်နေချိန်မှာ ကမ္ဘာ့ရွှေဈေးကတော့ မကြုံစဖူး ကျဆင်းနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ပရမ်းပတာဖြစ်ပြီး ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေတာကြောင့် ပိုမိုခိုင်မာစိတ်ချရတဲ့ ရွှေဝယ်ကြခြင်းကလည်း ဈေးတက်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။