ဟယ်ရီကိန်းကို ဘိုင်ယန်မြူးနစ် တရားဝင် မိတ်ဆက်၊ ကျောနံပါတ် ၉ ဝတ်ဆင်မည်

0
2115

ဂျာမန်ဘီလူးကြီး ဟု တင်စားခေါ်ဝေါ်ခံရသည့် ဘိုင်ယန်မြူးနစ်အသင်းသည် တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်းကို ဂျာမန်ဘွန်ဒက်စ်လီဂါဘောလုံးလောက၏သမိုင်းဝင် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ပေးချေကာ ခေါ်ယူလိုက်ခြင်းဖြစ်ပြီး စပါးအသင်းခေါင်းဆောင်ဖြစ်ခဲ့သော ဟယ်ရီကိန်းကလည်း ယခုအချိန်မှာ စပါးကို စွန့်ခွာသင့်ပြီဟု မှတ်ထင်ယူဆရသည့်အတွက် စွန့်ခွာလိုက်ခြင်းဟု ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

ဟယ်ရီကိန်းသည် ယမန်နေ့ကတည်းကပင် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့ပြီး ယနေ့တွင် ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို တရားဝင်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးကာ အသင်းကစားသမားအဖြစ် မိတ်ဆက်လိုက်ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်းကို လေးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်ပြီး ယင်းစာချုပ်အရ ဟယ်ရီကိန်းမှာ ၂၀၂၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထိတိုင် ဘိုင်ယန်မြူးနစ်ကစားသမားအဖြစ် ရှိနေတော့မည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် ဟယ်ရီကိန်း ဝတ်ဆင်ကစားမည့် ကျောနံပါတ်ကိုလည်း တရားဝင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်အရ ဟယ်ရီကိန်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်းသည် ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ဖြင့် ရောင်းထုတ်လိုက်ပြီးပြီဖြစ်၍ ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် တိုက်စစ်မှူးသစ်တစ်ယောက် ရှာဖွေရတော့မည်ဖြစ်ကာ အကယ်၍ တိုက်စစ်မှူးသစ်တစ်ဦး မခေါ်ယူနိုင်ခဲ့ပါက တိုက်စစ်အကျပ်အတည်းနှင့် အခက်အခဲများကို စပါးက ရင်ဆိုင်ရဖွယ် ရှိနေသည်။