ဆန်ဈေးခုန်တက်ပြီး စားသောက်ကုန်အများစုလည်း ဈေးတက်နေသည့် မြိတ်ဈေးကွက်

0
1397

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စည်အများစု၏ ဈေးနှုန်းများ မြင့်တက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်သောင်း ဂဏန်းအထိ ဈေးတက်လာသည်။

ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၃၀၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀၀ ကျပ် ဈေးတက်သဖြင့် ၁၅၀၀၀၀ ကျပ်ဖြစ်လာသည်။

ဆန်ကြမ်းတစ်အိတ်လျှင် ၈၃၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်တက်သဖြင့် ၈၅၀၀၀ ကျပ်ဖြစ်လာသည်။

ရိုးရိုးပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်ထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လာသည်။

ဆယ်ပိဿာဆံ့ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၇၈၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀ ကျပ် တက်သဖြင့် ၈၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ထို့ပြင် ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ယခင်အပတ်က ၁၆၅၀၀ ကျပ်ဈေးရှိရာမှ ၂၅၀၀ ကျပ် တက်လာသဖြင့် ၁၉၀၀၀ ကျပ်ဖြစ်‌နေသည်။

ငရုတ်သီးခြောက် (ငရုပ်ပု) တစ်ပိဿာလျှင် ယခင်အပတ်က ၂၀၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် ဈေးထပ်တက်သဖြင့် ၂၃၀၀၀ ကျပ် ဖြစ်လာသည်။

တစ်လီတာဆံ့ စားအုန်းတစ်ဗူးလျှင် ကျပ်တစ်ထောင်နှင့် ရေထွက်ကုန် သားငါးအချို့ ဈေးအနည်းငယ် မြင့်တက်ခဲ့သည်။

ကျန်ကုန်စည်အများစုလည်း ဈေးနှုနန်းမြင့်တက်နေကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ဆိုသည်။