ရှစ်လေးလုံးအထိမ်းအမှတ် သရက်ချောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

0
976
ဓာတ်ပုံ - ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (သရက်ချောင်းမြို့နယ်)

ရှစ်လေးလုံးအရေးတော်ပုံ ၃၅နှစ်ပြည့်နေ့တွင် သရက်ချောင်းမြို့နယ်ရှိ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ယနေ့ ပြုလုပ်ကြသည်။

‘၈၈၈၈ စိတ်ဓာတ်ကိုင်စွဲ လူထုတော်လှန်ရေးဆင်နွှဲ’ ဘန်နာကိုင်ဆောင်ကာ သပိတ်လုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီတပ် ထုတ်ကုန်များကို သပိတ်မှောက်ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။