လောင်းလုံးနှင့်ရေဖြူက စစ်ရှောင်များအတွက် ရိက္ခာများ အရေးပေါ်လှူဒါန်းပေးကြရန်တောင်းဆို

0
1865

တိုက်ပွဲများကြောင့် လတ်တလေား ထွက်ပြေးတိမရှောင်နေကြရသည့် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်မှ ဒေသခံများအတွက် အရေးပေါ်စာနပ်ရိက္ခာများလှူဒါန်းပေးရန် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က တောင်းဆိုလိုက်သည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီအပါအဝင် အဖွဲ့ငါးဖွဲ့ပူးပေါင်းပြုလုပ်နေသည့် ၃ ရက်တာ ကမ်းပိန်တွင် ပါဝင်လှူဒါန်းပေးရန် တောင်းဆိုခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် ခမောင်းတောင်၊ တောင်မင်းပြောင်၊ စခန်းကြီး၊ ဖွားဘုတ်ပြင် စသည့်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေကြရသည်။

ယင်းအပြင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေဇုန် ဧရိယာအတွင်းရှိကျေးရွာများနှင့် အနီးနားမှ ကျေးရွာများလည်း စစ်ဘေးရှောင်နေကြရသည်။

လတ်တလော ယင်းကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ တစ်ထောင်ဝန်းကျင်ရှိနေကြောင်း ဂိမှာန် စစ်ဘေးရှောင် ကူညီရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

“အဲဒီဒေသတွေကပြည်‌သူတွေက ရုတ်တရက်ထွက်ပြေးလာရတာဆိုတော့ ရှိနေတဲ့ ရန်ပုံငွေနဲ့ မလုံလောက်ဘဲဖြစ်နေလို့ ဒီကမ်းပိန်းကို လုပ်ရတာဖြစ်တယ်” ဟု ‌၎င်းကဆိုသည်။

စစ်ဘေးရှောင်များထဲတွင် သွေးလွန်တုပ်ကွေး၊ ရာသီပေါ်တုပ်ကွေးတို့ဖြင့် နေထိုင်မကောင်းသူများလည်းရှိနေပြီး ရှိနေသည့် စားနပ်ရိက္ခာတို့မှာလည်း နည်းပါးလာနေသည်ဟုဆိုသည်။

အဆိုပါ ကမ်းပိန်းကို ဇူလိုင်လ ၂၄ ရက်မှ ၂၇ ရက်အနေ့အထိပြုလုပ်မည်ဖြစ်ပြီး ဆန်အိတ်တစ်ရာအတွက် ကျပ်သိန်း ၇၀ ရရှိရန် ရည်းမှန်ထားကြသည်။

လတ်တလော ၁၀ ရာခိုင်နူန်းခန့် အလှူငွေရရှိနေပြီဖြစ်ကြောင်း‌ဆိုသည်။

လှူဒါန်းလိုသူများအနေဖြင့် ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ လောင်းလုံးမြို့နယ် နိုင်ငံရေးဦးဆောင်အဖွဲ့၊ ထားဝယ်တပ်ပေါင်းစု သပိတ်ကော်မတီ၊ ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ ဂိမှာန် စသည့်အဖွဲ့တို့၏ Facebook ချက်ဘောက်မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။