ထိုင်းရောက်မြန်မာရွှေ့ပြောင်းကလေးတွေ ပညာသင်ကြားခွင့်

0
2164

အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင်အလုပ်သမားတွေအဖြစ် ဝင်ရောက်လာသူတွေ အဆမတန်များလာပါတယ်။

ထိုင်းနိုင်ငံထဲ ဖမ်းဆီးမှုတွေနဲ့ ထိုင်းအစိုးရက မြန်မာပြည်ပြန်ပို့တဲ့ အချက်အလက်တွေအရ အာဏာသိမ်းချိန်ကနေ အခုနှစ်ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်း မြန်မာရွေ့ပြောင်းလုပ်သား အနည်းဆုံး ၅ သိန်းကျော် တရားမဝင် ဝင်ရောက်လာကြပါတယ်။

သူတို့နဲ့အတူ ကလေးတွေလည်းပါလာပြီး ထိုင်းနိုင်ငံထဲမှာပဲ ဆက်ပြီးပညာသင်ယူနေကြပါတယ်။

ထိုင်းနိုင်ငံထဲရောက်နေတဲ့ မြန်မာရွေ့ပြောင်းကလေး ဘယ်လောက်ရောက်နေတယ်ဆိုတာကိုတော့ မသိရပါဘူး။

ထိုင်းနိုင်ငံထဲက ဖန်င၊ စူရတ်၊ ရနောင်း၊ မဲဆောက်စတဲ့ခရိုင်တွေမှာ မြန်မာရွေ့ပြောင်းလုပ်သားကျောင်းတွေ ဖွင့်လှစ်ထားပါတယ်။

မြန်မာရွေ့ပြောင်းကလေးတွေက အဲဒီကျောင်းတွေအပြင် ထိုင်းကျောင်းတွေမှာလည်း ပညာသင်ယူနေကြတာပါ။

ဇွန်လ အစောပိုင်းမှာတော့ ထိုင်းနိုင်ငံအလယ်ပိုင်းက ထိုင်းကျောင်းတစ်ခုမှာ ပညာသင်ယူနေတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား ရွေ့ပြောင်းကလေး ၁၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

ထိုင်းရောက်မြန်မာရွေ့ပြောင်းကလေးတွေဟာ ပညာရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဥပဒေအရ ဘယ်လိုအခွင့်အရေးတွေ ရှိလဲ။

ပညာသင်ယူခွင့် အကန့်အသတ်တွေရှိလားဆိုတာကို ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) ရဲ့တည်ထောင်သူ ဦးထူးချစ်ကို မေးမြန်းတင်ဆက်ထားပါတယ်။