လောင်းလုံး ပန္ဒလဲရွာသားတစ်ဦးပစ်သတ်ခံရ

0
2352

လောင်းလုံးမြို့နယ် ပန္ဒလဲရွာတွင် ယနေ့ ဇွန်လ ၂၉ရက် မွန်းလွဲပိုင်းက အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးသူမှာ ပန္ဒလဲရွာသား ဦးကံစိန်ဆိုသူဖြစ်ပြီး ရွာ၏ အနောက်ဘက် ဥယျာဉ်ခြံတစ်ခုတွင် ယနေ့ မွန်းလွဲ၂နာရီခန့်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်ကို ၎င်း၏ဆွေမျိုးသားချင်းများက စတင် တွေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဆိုသည်။

ဦးကံစိန်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။