စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံးတွင် သပိတ်လှုပ်ရှားမှုလုပ်

0
1483

ဆလိုင်းတင်မောင်ဦးနေ့ (ဇွန်လ ၂၆ ရက်နေ့)တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသော လောင်းလုံး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး “မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး”ဘန်နာကိုင်ဆွဲ၍ ‌လူငယ်များ အမျိုးသမီးများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြသည်။

ချင်းအမျိုးသား ဆလိုင်းတင်မောင်ဦးမှာ ၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ် ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်အရေးခင်းတို့တွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး မှိုင်းရာပြည့်အရေးအခင်း ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေစဉ် မတ်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် မဆလ အစိုးရက ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့သည်။