ဆန်နှင့် ဆီဈေးဆက်တိုက်ငြိမ်နေသည့် ထားဝယ်ဈေးကွက်

0
1566

ထားဝယ်ဈေးကွက်တွင် ဇွန်လပထမပတ်ကစပြီး ဆန်နှင့် ဆီဈေးမှာ ဆက်တိုက်ငြိမ်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က အကယ်ဒမီဆန်ကြမ်း ရက်ကိုးဆယ် အမျိုးအစား ၂၄ ပြည်တစ်အိတ်လျှင် ၈၄၅၀ဝကျပ်ရှိပြီး ယနေ့ ဇွန်လ ၉ ရက် နံနက်ပိုင်းအထိ ယင်းဈေးနှုန်းဖြင့် ငြိမ်နေသည်။

ယင်းအပြင် ရွှေဘိုပေါ်ဆန်း ဆန် အသစ် (အောင်သီဟ) တံဆိပ်အမျိုးအစားမှာလည်း ဇွန်လ ၂ ရက်နေ့ကစပြီး ၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် ၁၂၁၀၀ဝကျပ်ဖြင့် ယနေ့ ဇွန်လ ၉ ရက်နေ့အထိ ဈေးငြိမ်နေသည်ကိုတွေ့ရသည်။

ဆန်ဈေးတည်ငြိမ်နေသလို ဆီဈေးမှာလည်း မေလ ၂၆ ရက်နေ့ကစပြီး ဇွန်လ ၉ ရက်နေ့အထိ သုံးပတ်ဆက်တိုက် ဈေးနှုန်းအတက်အကျမရှိဘဲ ငြိမ်နေသည်။

အမေထွား တံဆိပ်စားသုံးဆီ ၁ လီတာ တစ်ဘူးကို ၈၅၀ဝကျပ်၊ ဇွဲတံဆိပ် တစ်ပိဿာ ၁၅၃၅ဝကျပ်၊ နှမ်းဆီ ၁ လီတာ ၉၂၀ဝကျပ်ဖြင့် သုံးပတ်ဆက်တိုက်တည် ဈေးငြိမ်နေခြင်းဖြစ်သည်။

သို့သော် စားအုန်းဆီ ပုံးဝါတစ်ပုံးမှာ ယခင်အပတ်ဈေးနှုန်ထက် ငါးရာကျပ်ဈေးတက်သွားသည်။

ယခင်အပတ်က စားအုန်းဆီ ပုံးဝါတစ်ပုံးကို ၆၆၀၀ဝကျပ်ဈေးရှိရာမှ ယနေ့ဇွန်လ ၉ ရက်နေ့တွင် ၆၆၅၀ဝကျပ်အဖြစ် ဆီတစ်ပုံးကို ၅၀ဝကျပ်ဈေးတက်သွားသည်ကိုတွေ့ရသည်။

ဆန်နှင့် ဆီဈေးအတက်အကျမရှိဘဲ ငြိမ်နေသော်လည်း မိုးထောင်ငရုတ်သီးရွှေအပ်ခြောက်မှာ မေလကုန်ပိုင်းကစပြီး တစ်ပတ် ၁၀၀၀ ကျပ်နှုန်းဖြင့် ဆက်တိုက်ဈေးတက်လာသည်။

မေလ ကုန်ပိုင်းက ‌မိုးထောင် ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာကို ၁၄၅၀ဝကျပ်ဈေးရှိရာမှ ‌ဇွန်လ ၂ ရက်နေ့တွင် ၁၅၅၀ဝကျပ်ဖြစ်သွားပြီး ယနေ့ဇွန်လ ၉ ရက်နေ့မှာတော့ ၁၆၀၀ဝကျပ်အထိဖြစ်လာသည်။

မိုးထောင်ရွှေအပ် ငရုတ်ခြောက်ဈေး ဆက်တိုက်တက်နေသော်လည်း ငရုတ်ပုခြောက်မှာ တစ်ပိဿာ ၁၆၅၀ဝကျပ်ဖြစ် အတက်အကျမရှိဘဲ သုံးလဆက်တိုက်ဈေးငြိမ်နေသည်ကို တွေ့ရသည်။