ပုလော ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် အမျိုးသားအလောင်းတွေ့

0
1448

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးကာ ရေမျောလာသည့် အမျိုးသားအလောင်းတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၄ ရက်နေ့က တွေ့ရှိခြင်းဖြစ်ပြီး ဝိုင်ယာကြိုးဖြင့် လက်ပြန်ကြိုးတုပ်ထားကာ အလောင်းကို တွေ့ရှိချိန်တွင်ပုပ်ပွနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သေတဲ့လူက ဝေထွန်းလို့ခေါ်တယ်။ ပုလောအမှတ်(၁)ရပ်ကွက်မှာ နေတယ်လို့သိရတယ်။ဘာကြောင့် ဘယ်သူတွေသတ်တာလည်းတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ရုပ်အလောင်းကို လက္ကူးရွာ သင်္ချိုင်းတွင် မြှုပ်နှံလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း တနင်္သာရီမြစ်ထဲတွင် လှေဖြင့်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။

နောက်တစ်ဦးမှာ ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။