အာဆင်နယ်ဟာ ပျောက်သောလမ်းမှာ စမ်းတဝါးထဲ ရောက်သွားခဲ့ရလေပြီလား

0
2496

ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။

အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ရမှတ်တူ၊ သွင်းဂိုး ကွာဟချက်နဲ့ အသာစီးယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ရောက်သွားခဲ့ပါတော့တယ်။

ဒါပေမဲ့ အာဆင်နယ်အတွက် အနည်းငယ် ခုသာခံသာရှိနေတာက လက်ထဲမှာ ကစားရဖို့ ပွဲစဉ်တစ်ပွဲ ကျန်နေသေးတာပါပဲ။ အဲ့ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ရင်တော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို အာဆင်နယ် ပြန်ရောက်လာမှာပဲဖြစ်ပါတယ်။

သေချာတာကတော့ အာဆင်နယ်ဟာ အမှောင်လွှမ်းထဲ ကမ္ဘာကြီးထဲကို သက်ဆင်းရောက်ရှိလို့နေပါပြီ။ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရတဲ့ အခြေအနေဆိုးကနေပြီး အာဆင်နယ်ဟာ အမြန်ဆုံး ပြန်လည်ရုန်းထွက်နိုင်စွမ်းရှိပါ့မလား။