အာဆင်နယ် ချန်ပီယံဖြစ်ဖို့ ရေးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်များ ဖြစ်နေလေသလား

0
2641

အာဆင်နယ်ကို ဒီနှစ်မှာ ဒီလောက်အထိ ကောင်းမွန်လာ၊ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ပါဘူး။ အခုတော့ အာဆင်နယ်ဟာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်သွားခဲ့ပါပြီ။ တွန်းတင်လိုက်ရင် တက်သွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒါကြောင့်လည်း အာဆင်နယ် ချန်ပီယံဖြစ်ရမယ်ဆိုတဲ့ အော်ပရာတစ်ပုဒ် အထမြောက်ဖို့ နီးစပ်သထက် နီးစပ်လာတာပါ။

ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဖြစ်ခဲ့သူ အာတီတာရဲ့လက်ထဲကို ချန်ပီယံဆုဖလား ရောက်သွားခဲ့ရင် တပည့်ကနေ ဆရာကို အနိုင်ယူသွားတယ်ဆိုတဲ့ ဇာတ်လမ်းနဲ့အတူ ပရီးမီးယားလိဂ်က စိတ်ဝင်စားဖွယ် အားပြိုင်မှုတွေနဲ့ အမြဲပဲ ပြည့်နှက်လို့နေတဲ့နေရာဆိုတာမျိုးတွေ ဖြစ်လာပါပြီ။