ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသားရှစ်ဦးကို သတ်ပြီးလာပစ်ထား

0
2789
ဓါတ်ပုံ - အသတ်ခံထားရသူများ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူရွာအနီးတွင် အမျိုးသားရှစ်ဦးကိုသတ်ပြီး လာပစ်ထားကြောင်း ဒေသခံများထံမှသိရသည်။

ရွာဟေ့လူနှင့် နမ်မတွန်ရွာကြားရှမ်းကိုးရွာ ကားလမ်းမနံဘေးတွင် ဇန်နဝါရီ ၁၃ ရက်နေ့က အသတ်ခံထားရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အသတ်ခံရတဲ့ဖြစ်စဥ်ကမှန်တယ်။ ရွာဟေ့လူရွာက ရွာသားတွေလို့ ကနဦး သိရတယ်။ ခုနှစ်ဦးရဲ့ အမည်တော့ရထားပြီးပြီ။ တစ်ယောက်က နာမည်ပျောက်နေတယ်။ ဘာကြောင့် ဘယ်အဖွဲ့က သတ်တယ်လို့တော့ အတည်မပြုနိုင်သေးဘူး”ဟု ဘုတ်ပြင်းမြို့နယ် ဒေသခံအမျိုးသား ကပြောသည်။

အဆိုပါလူ ရှစ်ဦးကို အဖွဲ့တစ်ဖွဲ့က ကားဖြင့် ခေါ်ဆောင်လာပြီးနောက် သတ်ပစ်ထားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့ကဆိုသည်။

“သူလျှိုဒလန်ဆိုပြီး ဟိုဖက်ကလုပ်သလိုလို ဒီဖက်ကလုပ်သလို ပြောနေကြတယ်”ဟု ဒေသခံအမျိုးသား ကမှတ်ချက်ပေးသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။