လောင်းလုံး ဝေဒီရွာတွင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

0
2913

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ဝေဒီရွာသူ အသက် ၆၀ ကျော်အရွယ် ဒေါ်တင်သန်းဆိုသူ နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“သူ့အိမ်မှာ ကုန်စုံဆိုင်ရောင်းနေတယ်။ ဈေးဝယ်လာသလိုနဲ့ လည်ပင်းကို ပစ်သွားတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါအမျိုးသမီးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူ အမျိုးသမီး၏ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကားဖြင့် ထားဝယ်သို့ တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ယမန်နေ့ကလည်း ‌လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။