ငရုတ်ဈေးကျပြီး အခြားကုန်စည်ဈေးနှုန်းများ ပြောင်းလဲမှုမရှိသည့် မြိတ်ဈေးကွက်

0
2917

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန် ဈေးကွက်တွင် ယခုအပတ်၌ ငရုတ်သီးခြောက်ဈေးနှုန်း ထပ်မံကျဆင်းလျက်ရှိသည်။

တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်အထိ ဈေးရှိသည့် ငရုတ်သီးခြောက် ( ငရုတ်ပု ) ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ပတ်မှစပြီး ဆက်တိုက်ကျလာဆင်းလာကာ ယခုအပတ်တွင် ၁၆၀၀၀ ကျပ်သာ ကျန်ရှိတော့သည်။

ထို့ပြင် ငရုတ်သီးခြောက် ( ရွှေအပ် ) တစ်ပိဿာလျှင် တစ်ထောင်ကျပ်ကျဆင်းခဲ့သဖြင့် ၁၄၀၀၀ ကျပ် ဈေးရှိနေသည်။

ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ကျပ်နှစ်‌ထောင်နှုန်း အတက်အကျဖြစ်နေပြီး ယခင်အပတ်က ၆၀၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၂၀၀၀ ကျပ်ဖြစ်နေသည်။

ကြက်သွန်နီးဈေး တစ်ပိဿာလျှင် ယခင်အပတ်ထက် နှစ်ရာကျပ်နှုန်း ကျဆင်းလာပြီး ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။

အခြားအခြေခံစားသောက်ကုန်တို့မှာ ဈေးနှုန်းအပြောင်းအလဲမရှိပဲ တည်ငြိမ်နေသည်။