လောင်းလုံး မင်္ဂလာဆောင်တွင် ဗုံးပေါက်၊ အမျိုးသမီးသုံးဦး ဗုံးစထိမှန်

0
3831

လောင်းလုံးမြို့ ဝေဒီရွာအရှေ့ပိုင်းက မင်္ဂလာဆောင်တွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။

ပေါက်ကွဲမှုကြောင့် အမျိုးသမီး သုံးဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းတွင် ထိခိုက်ဒဏ်ရာရသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ရေးပေါ်ကားဖြင့် တင်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“ပေါက်ကွဲတာက တစ်ချက်ပဲ။ ဒဏ်ရာရတဲ့သူက ခန္ဓာကို အောက်ပိုင်းတွေချည်းပဲ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

နောက်ထပ် အမျိုးသား၊ အမျိုးသမီး ဆယ်ဦးခန့်မှာ ပွန်းပဲဒါဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ မင်္ဂလာဆောင်သို့ လာရောက်သူများနှင့် မင်္ဂလာဆောင်တွင် ကူညီဆောင်ရွက် နေသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပြုလုပ်သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။