ပုလောမြို့နယ်ကျေးရွာ နှစ်ဆယ်နီးပါးသို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စည်းရုံးရေးဆင်း

0
3647
ဓါတ်ပုံ - KPDF

မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာနှစ်ဆယ်နီးပါးသို့ ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ လှည့်လည်ဟောပြောကာ စည်းရုံးရေးဆင်းခဲ့ကြောင်း KPDF နှင့်ဒေသခံများ ထံမှသိရသည်။

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိကျေးရွာ တစ်ဆယ့်ရှစ်ရွာသို့ သွားရောက်ကာ ပြည်သူများနှင့် တွေ့ဆုံပြီးဖြစ်ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်းသို့သွားရောက်ရာတွင်ရွာသားများနှင့် တွေ့ဆုံပြီး တော်လှန်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ပြန်လည်တည်ဆောက်ရေးအတွက် ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များနှင့် ကိုယ်ထူကိုယ်ထလုပ်ဆောင်ချက်များ၊ မူးယစ်ဆေးဝါးအခြေအနေများကို ဆွေးနွေးကာ ရွာသားများအပါအဝင် စစ်ဘေးရှောင်များကို အားပေးစကား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးမှုရှိလာစေရန်လည်း ယခုထက်မက ပိုမိုလုပ်ဆောင်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

“လုပ်နေတာကတော့ ဒီလအစကတည်းက ကြားခဲ့ရတယ်။ သူတို့အဖွဲ့တွေလိုပဲ တစ်ခြား PDF တွေလည်းလုပ်နေကြတာကြားနေရတယ်”ဟု ပုလောဒေသခံ အမျိုးသားကပြောသည်။

KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်သည့် ပုလောအရှေ့ခြမ်းဒေသသို့

စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်မေလကတည်းက ဆန်နှင့်လောင်စာဆီအပါအဝင် ရိက္ခာသယ်ယူခွင့် ကန့်သန့်ထားသည်။

မြိတ်ခရိုင်အတွင်း တနင်္သာရီမြို့နယ်နှင့်ကျွန်းစုမြို့နယ်ကျေးရွာများကိုလည်း ယခုလအတွင်း သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်ဟောပြော စည်းရုံးလျက်ရှိသည်။