ညင်းမော်ရွာတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ထပ်မံပစ်ခံရ

0
3011

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၂၃) ညနေ ၃ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။

ညင်းမော်ကျေးရွာ စာသင်ကျောင်းအရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားများ ညင်းမော်ရွာအတွင်း ရှာဖွေ စစ်ဆေးဖမ်းဆီးနေချိန် ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လာခြင်းကြောင့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

“သေလားရှင်လားတော့ မသိဘူး။ လူကတော့ လမ်းလယ်မှာ လဲနေတာ အခုချိန်ထိပဲ” ဟု ဒေသခံတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်က ပြောဆိုသည်။

စစ်‌ကောင်စီတပ်က ညင်းမော်ရွာအတွင်း ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်၍ အသေးစိတ်အခြေအနေကို မေးမြန်းမရသေးပေ။

ယနေ့‌‌မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်း‌မော်ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။

လတ်တလော ညင်းမော်ရွာတွင် ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်း ရှိနေပြီဖြစ်သည်။