အမေရိကန် လေကြောင်းသရုပ်ပြပျံသန်းပွဲတွင် ဒုတိယကမ္ဘာစစ်သုံး လေယာဉ်နှစ်စင်း လေပေါ်တွင် တိုက်မိပေါက်ကွဲ

0
3417

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် လေကြောင်းပြပွဲတစ်ခုတွင် ဒုတိယကမ္ဘာစစ်ကာလသုံး လေယာဉ်နှစ်စင်း လေပေါ်တွင် တိုက်မိပြီး ပေါက်ကွဲပျက်စီးသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။

ခပ်နိမ့်နိမ့်ပျံသန်းနေစဉ် လေယောဉ်ပျက်ကျသွားခြင်း ဖြစ်ကာ၊ လေယာဉ်တစ်စင်းက ထက်ပိုင်းပြတ်ထွက် သွားခဲ့ပြီး မီးလုံးများ ပေါက်ကွဲနေသည်ကို မြင်ရသည်။

လေယာဉ်များထဲမှ တစ်စင်းမှာ ဘိုးအင်း B-17 ခံတပ်ပျံ လေယာဉ်ဖြစ်ကာ ဒါးလက်စ်မြို့နားတွင် ပြုလုပ်သော အမှတ်တရအခမ်းအနား လေကြောင်းပြပွဲတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ထဲတွင် လူမည်မျှ ပါသွားသည်ကို မသိရသေးဘဲ သေဆုံးသူ နှစ်ဦး၏ အမည်ကိုသာ ကြေညာထားသေးသည်။

အမေရိကန်လေယာဉ်မောင်းများသမဂ္ဂ က ၎င်းတို့အဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်သည်မှအပ အခြားသူများအကြောင်း မသိရသေးပေ။

US’ Premiere WW2 လေကြောင်းပြပွဲဟု အမည်ပေးထားသော အဆိုပါ ပွဲအတွင်း ပျက်ကျမှုကို စစ်ဆေးမည်ဟု အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဟောင်းများကို ဂုဏ်ပြုသော အဆိုပါပွဲကို လူဦးရေ (၄)ထောင်မှ (၆)ထောင်ကြား လာကြည့်ခဲ့သည်။