ကညုံရပ်ကွက်မီးလောင်မှု အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရ

0
4642

ထားဝယ်မြို့‌ပေါ် ကညုံရပ်ကွက်တွင် ယနေ့ (နိုဝင်ဘာ ၁) ညနေပိုင်းက နေအိမ်တစ်ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယင်း မီးလောင်မှုကြောင့် အသက် ၇၆ နှစ်အရွယ်ရှိ ဒေါ်သိန်းဆိုသည့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားအမျိုးသမီးသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ကို ဖုန်းဆက်တဲ့အချိန်ဆို သုံးနာရီကျော်လောက်ရှိပြီ ဆယ့် ငါးမီနစ်လောက်တော့ ရှိမယ် ငြိမ်းသတ်ရတာ”ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးနိုင်မျိုးသွင်က ပြောသည်။

မီးလောင်ရသည့် အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုကိုမူ သီးခြားအတည်မပြုနိုင် သေးပေ။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေအိမ်ကို ဇမ္ဗူသီရိအဖွဲ့မှ မီးသတ်ယာဉ်ငယ်များနှင့် ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ညနေ လေးနာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။