ပြည်ပစားသောက်ကုန်များ ဈေးကျလာသည့် ထားဝယ်ဈေးကွက်

0
2565

ထားဝယ်ဈေးကွက်တွင် ပြည်တွင်းဖြစ် စားသောက်ကုန်များ ဈေးတက်လာပြီး ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များ ဈေးကျလာခဲ့သည်။

ထားဝယ်ဈေးကွက်တွင် အတက်ကြမ်းသည့် ရွှေဘိုပေါ်ဆန်းမှာ သုံးပတ်ဆက်တိုက် အိတ်ကြီးတစ်အိတ်ကို တသိန်းကျော် ဝန်းကျင်ဖြင့်ဈေးငြိမ်နေသည်။

ရက်သတ္တပတ် ခုနှစ်ပတ်ဆက်တိုက် ဈေးနှုန်းမြက့်တက်လာသည့် စာအုံးဆီ(ပုံးဝါ)မှာ ပြီးခဲ့သည်အပတ်ကထက် ကျပ်တစ်သောင်းခန့်ဈေးကျလာသည်။

တောင်သူများတွင် ကြက်သွန်ဟောင်းပြတ်လုနီးပါးဖြစ်နေသည့် ကြက်သွန်နီဈေးနှုန်းမှာ ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က တစ်ပိဿာ ၃၈၀၀ ကျပ်ဝန်းကျင်မှ တစ်ဖြည်းဖြည်းဈေးတက်လာရာ စက်တင်ဘာ ၉ ရက်နေ့တွင် တစ်ပိဿာ ၄၅၀၀ ကျပ်ဖြစ်လာပြီး တပိဿာ ကျပ် ခုနှစ်ရာခန့်ဈေးတက်လာသည်။

ငရုသီးခြောက်ဈေးနှုန်းမှာ ပြီးခဲ့သည့် အပတ်ကထက် တစ်ပိဿာကို ကျပ် နှစ်ထောင်ခန့်မှ သုံးထောင်အထိဈေးတက်လာသည်။