ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းဖမ်းဆီးခံရ

0
436

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဗစ်ကီဘိုးမန်းမှာ နာမည်ကျော်ပန်းချီဆရာ ကိုထိန်လင်း၏ ဇနီးဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ရန်ကုန်နေအိမ်တွင် မနေ့ညက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။

ယမန့်နေ့ညတွင် ၎င်းတို့၏ ရန်ကုန်နေအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ဗစ်ကီဘိုးမန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၆ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Center for Responsible Business (MCRB)) ၏ ဒါရိုက်တာလည်းဖြစ်သည်။

ယင်းမြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာနသည် မြန်မာနိုင်ငံတစ်ဝှမ်းတာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အားပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Institute for Human Rights and Business IHRB နှင့် Danish Institute for Human Rights DIHR တို့မှ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်သည်။

ပန်းချီထိန်လင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၎င်းတို့နှစ်ဦးကို စစ်ကောင်စီက မည်သည့်အတွက် ဖမ်းဆီးသွားသည်ကိုမသိရသေးပေ။