အီဂျစ်၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေး- ဂါဇာ (ပါလက်စတိုင်း) အပစ်အခတ်ရပ်စဲရေး မျှော်လင့်ချက်များ တိုးတက်

0
414

သုံးရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ရသော ဖြစ်စဉ်အပြီးတွင် အစ္စရေး နှင့် ဂါဇာဘက်မှ စစ်သွေးကြွများ၏ အပစ်အခတ်ရပ်စဲမှု စတင် အသက်ဝင်လာခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းအရ သိရှိရသည်။

အီဂျစ်ဘက်မှ ညှိနိူင်းပေးသူများ၏ ကြားဝင်စေ့စပ်မှုအရ အပစ်အခတ်ရပ်စဲရေးသည် ဒေသ စံတော်ချိန် ည (၁၁)နာရီတွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ် (PIJ) က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးကို အစ္စရေး ဝန်ကြီးချုပ် ယီရာလာပစ်၏ ရုံးကလည်း အတည်ပြုပေးထားသည်။

ရော့ကတ်များဖြင့် ပစ်ခတ်မှုကြောင့် ဂါဇာဒေသအတွင်းရှိ PIJ အစ္စလာမ်မစ်ဂျီဟတ် များကို ဦးတည်သော တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က အတည်ပြုထားသည်။

အစ္စရေးက PIJ တပ်ဖွဲ့များ၏ ထိပ်သီးခေါင်းဆောင် တစ်ယောက်ကို အနောက်ဘက်ကမ်း ဒေသတွင် ဖမ်းဆီး လိုက်သည်။

အစ္စရေးဘက်မှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေး (၁၅)ဦးအပါအဝင် လူ (၄၃) ဦးသေဆုံးကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ထားသည်။