ရေး-သံဖြူဇရပ်လမ်းပိုင်းကို ယနေ့မှစပြီး ညပိုင်းမဖြတ်သန်းရန် သတိပေး

0
386

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ညပိုင်းအချိန် ဖြတ်သန်းသွားလာမှု မပြုကြရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး ည ၉ နာရီခွဲမှ မနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် အသိပေးထုတ်ပြန်ထားသည်။

လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့သည်ရှိသော် ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

“ညပိုင်း အရေးပေါ် ကျန်းမာရေးအခြေအနေတွေ  ဖြစ်လာရင်တော့ အခက်အခဲရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ယင်းအပြင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တို့လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့်လကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင်  စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွာခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။