သရက်ချောင်းမြို့နယ် ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီး အသံဗုံးပေါက်

0
368

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာ မင်္ဂလာပွဲအနီးတွင် ယနေ့ (ဧပြီ ၂၂) နံနက် ၇ နာရီခွဲခန့်တွင် အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က‌ ပြောသည်။

အဆိုပါ အသံဗုံးပေါက်ကွဲမှုမှာ မင်္ဂလာပွဲနှင့် ကိုက် ၁၀၀ ခန့်အကွာတွင် ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း ရန်တောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးဖောက်ခွဲသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့က ဖောက်ခွဲခဲ့သည်တို့ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဧပြီလ ၁၀ ရက်နေ့ကလည်း လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာတွင် မင်္ဂလာပွဲအပြီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၁ ရက်တွင် ကြက်ယက်တွင်းကျေးရွာတွင် မင်္ဂလာဆောင်ကျင်းပနေစဉ် အနီးဝန်းကျင်၌ ပေါက်ကွဲသံနှင့် သေနတ်သံများ ထွက်ပေါ်ခဲ့သေးသည်။

ထားဝယ်ခရိုင်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့က ပျော်ပွဲရွှင်ပွဲများ၊ မင်္ဂလာပွဲများ မကျင်းပရန် မေတ္တာရပ်ခံထားပြီး လောင်းကစားဝိုင်းများမပြုလုပ်ကြရန်လည်း သတိပေးထားသည်။