ထားဝယ်လူထုသပိတ် ပစ်ခတ်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် လောင်းလုံးတွင် ဆန္ဒပြ

0
262

ထားဝယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု လူထုသပိတ် ပစ်ခတ်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက်ပိုင်းတွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၌ ဆန္ဒဖော်ထုတ်ကြကြောင်း ယင်းဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူများထံမှ သိရသည်။

လောင်းလုံးမြို့နယ် အမျိုးသမီးများ၊ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် လူထုသပိတ်စစ်ကြောင်းသည် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံမှ စတင်ထွက်ခွာခဲ့သည်။

ယင်းနောက် ရဲနှင့် စစ်သားများက သပိတ်စစ်ကြောင်း၏ အလယ်မှဖြတ်ပြီး လက်နက်ဖြင့် ပစ်ခတ်ဖြိုခွင်း ခဲ့သည်။

ယင်းသို့ ပစ်ခတ်ဖြိုခွင်းမူကြောင့် ထားဝယ်မြို့ခံ ကိုလွင်လွင်ဦး၊ ကိုသန်းဝင်း၊ လောင်းလုံးမြို့နယ် ကျောက်ဆင်းကျေးရွာနေ ကိုဗညားအောင်၊ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသား ကိုဖေသန်း တို့လေးဦး ကျဆုံးသွားခဲ့သည်။

ယင်းအပြင် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ပြည်သူ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ပြည်သူအချို့လည်း အဖမ်းခံခဲ့ရသည်။