၀မ်းရေးခက်တဲ့ သဘင်သည်တို့ဘဝ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ပရိသတ်တွေကို ရယ်တစ်လှည့် ငိုတစ်ခါ အသုံးတော်ခံလေ့ရှိတဲ့ ဇာတ်သဘင်သည်တွေဟာ ဘဝရှင်သန်ရပ်တည်ရေးအတွက် အခက်ခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုဗစ်ကပ်ဘေးစဖြစ်ချိန်ကတည်းက ဇာတ်ကခွင့်မရတော့တဲ့ သူတို့တစ်တွေဟာ ရရာအလုပ်လုပ်ရင်း ဝမ်းစာရေးအတွက် ရုန်းကန်ခဲ့ကြရပါတယ်။

အခုဆိုရင် ဝမ်းစာရေးအပြင် ကျောတစ်ခင်းစာ နေစရာအတွက်ပါ စိတ်ပူပန်နေရပါတယ်။

ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်း ဂယက်တွေအကြား သဘင်သည်တွေ ဘယ်လိုရှင်သန်ရုန်းကန်နေရတယ်ဆိုတာကို Dawei Watch က တင်ဆက်ထားပါတယ်။

Dawei Watch ရဲ့ Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။