လောင်းလုံးမြို့နယ် တရားရုံး ဗုံးပေါက်

0
210

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တရားရုံး၌ ယနေ့ (ဒီဇင်ဘာ ၈) ည ၇ နာရီကျော်တွင် ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။

ပေါက်ကွဲမှုကြောင့် တရားရုံးအနီးရှိ နေအိမ်အချို့ ဗုံးစထိမှန်သည်ဟု ကနဦးသိရှိပြီး လူနှင့် တရားရုံးအတွင်း ထိခိုက်ပျက်စီးမှု ရှိမရှိကိုမူ Dawei Watch က ဆက်လက် စုံစမ်းမေးမြန်းနေဆဲ ဖြစ်သည်။

ယင်းတရားရုံးသည် (ဃ) ရပ်ကွက်တွင် တည်ရှိပြီး မြို့မအားကစားကွင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။

စက်တင်ဘာလကလည်း ယင်းတရားရုံး အဝင်လမ်းထိပ်ရှိ (ဃ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံခဲ့ရဖူးသည်။