ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

0
182

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မိတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ စေ◌ျးတက်သွားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏိတို့က လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏိ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။

လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာတို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားသည်ဟု သုံးစွဲသူတို့ထံမှ သိရသည်။

“ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မိး၊ အခု ဆိစေ◌ျးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ ဈေးတက်သွားတယ်” ဟု ရေးမြို့နယ် အာယုတောင်ကျေးရွာခံတစ်ဦးက ပြောသည်။

ထိုအတူ ပုဂ္ဂလိကကုမ္ပဏိတို့မှ ဖြန့်ဖြူးပေးနေသည့် ရပ်ကွက် ကျေးရွာတို့တွင်လည်း လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၆၀၀ ကောက်ခံနေရာမှ အောက်တိုဘာလမှစပြီး တစ်ယူနစ် ကျပ် ၈၀၀ အထိ တိုးမြှင့်ကောက်ခံရန်ရှိသည်ဟု ရေးမြို့ မီးလင်းရေးကော်မတိတို့ထံမှ သိရသည်။

“မီတာခကတော့ ကျွန်တော်တို့ ဒီဇယ်ဈေး အတက်အကျပေါ် မူတည်တာပေါ့။ ဒီဇယ်ဈေးကျရင် မီတာခ ပြန်ချတယ်၊ ဒီဇယ်ဈေးတက်ရင် မီတာခ တိုးကောက်တယ်” ဟု ရေးမြို့ မီးလင်းရေးကော်မတီဝင်တစ်ဦးက ပြောသည်။