တစ်ကျော့ပြန်ပေါ်လာတဲ့သီတင်းကျွတ် မီးအိမ်လှည်း

0
685

ထားဝယ်ဒေသမှာ နှစ်ဆယ်ချီပျောက်ကွယ်နေတဲ့ သီတင်းကျွတ်မီးအိမ်လှည်းလေးတွေ တစ်ကျော့ပြန် ပေါ်လာပါပြီ။

ဝါး၊ ဆီစိမ်စက္ကူကို အခြေခံလုပ်ထားတဲ့ မီးအိမ်လှည်းတွေဟာ အခုဆိုရင် ရောင်းမလောက်အောင် ဖြစ်နေပါတယ်။

လိပ်ပြာရုပ်၊ ဆင်ရုပ်၊ ယုန်ရုပ်စတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ မီးအိမ်လှည်းလေးတွေဟာ သီတင်းကျွတ်ကာလမှာ ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် က‌စားလေ့ရှိတာပါ။