ကထိန်ခင်းမရှိသော သံဃာတော်များ ဆက်သွယ်နိုင်

0
168
ကထိန်ခင်းအလှူ လုပ်‌နေ သည်ကို ယမန်နှစ်များက တွေ့ရစဉ်။

ထားဝယ်ခရိုင် လေးမြို့နယ်အတွင်း ဝါဆိုဝါကပ်ပြီး ကထိန်ခင်းမရှိသော ကျောင်းများရှိ သံဃာတော်များအနေဖြင့် ဇေယျဝတီ စာသင်တိုက်သို့ ဆက်သွယ်နိုင်ကြောင်း ကျောင်းတိုက် ဆရာတော်ဦးပညာသီရိက မိန့်ကြားသည်။

ဇေယျဝတီကျောင်းတိုက်တွင် ကထိန်လှူမည့် အလှူဒါယကာများ ပေါ်ပေါက်လာသောကြောင့် ကထိန်မရှိသည့် ကထိန်ခံသံဃာတော်များ စာရင်းပေးသွင်နိုင်သည်ဟု ဆရာတော်ကမိန့်ကြားသည်။

“ကျောင်းတွေမှာအလှူလုပ်မှာမဟုတ်ပါဘူး။ ကထိန်ခံသံဃာတော်များကို ပင့်ပြီးကထိန်လှူမှာဖြစ်တယ်”ဆရာတော်က မိန့်သည်။

သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုရာ ကထိန်ခင်းကာလဖြစ်သည်။

ကထိန်အလှူပေးကြရာတွင် တစ်ဦးတည်းသော်လည်းကောင်း၊ အများဒါယာကာစုပေါင်းသော်လည်းကောင်း၊ ကျောင်းအလိုက်၊ ရုံးအလိုက်လှူဖွယ်ဝတ္ထုအစုစုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး လှူဒါန်းလေ့ရှိကြသည်။

ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးကြောင့် လူအများစုဝေးခြင်းကို ကန့်သတ်ထားကာ လာမည့် ကထိန်ကာလအတွင်း ကထိန်ပွဲကျင်းပရန် မသေချာသေးပေ။

ထိုကြောင့် ဘာသာရေးထုံးတမ်း အစဉ်အလာအရ ကထိန်မရှိသောကျောင်းမှ ကထိန်ခံသဃာတော်များ ကထိန်အလှူခံနိုင်ရန်အတွက် ဆရာတော် ဦးပညာသီရိ ဇေယျဝတီကျောင်းတိုက် ဖုန်းနံပါတ် ၀၉၇၈၈၈၂၃၉၆၉ သို့စာရင်းပေး လျှောက်ထားနိုင်ပါကြောင်း ဆရာတော်က နှိုးဆော်ထားသည်။