ထားဝယ်မြစ်အတွင်း အမြောက်ပစ်ခတ်လေ့ကျင့်မည်

0
455
ထားဝယ်မြစ်၏ ကမြောကင်းတံတားမှ လောင်းလုံးမြို့အထိ မြင်ကွင်း

ထားဝယ်မြစ်အတွင်း စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ အမြောက်ပစ်ခတ်လေ့ကျင့်ရန်ရှိနေ သောကြောင့် ကြိုတင်သတိထားနိုင်စေရန် စာထုတ်သတိပေးထားကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနေရာလေးခုတွင် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ဆိုသည်။

“တပ်ဘက်ကနေပြီးတော့ အဲဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးပါဆိုတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးပါဆိုပြီး စာပြန်ထုတ်ထားတာပါ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါကျွန်းလေးကျွန်းပေါ်တွင် ဓနိသကြားကြိုခြင်း၊ ထားဝယ်မြစ်အတွင်း ငါးဖမ်းခြင်း၊ သဲစုပ်ခြင်းတို့ကို ဒေသခံတို့က လုပ်ကိုင်ကြသည်။ မြစ်ကမ်းဘေးတွင်မူ စပါးစိုက်လယ်ဧကများရှိသည်။

ထားဝယ်မြို့သည် ထားဝယ်မြစ်ပေါ်ကမ်းတွင် တည်ရှိပြီး ကမြောကင်းတံတားမှာ ထားဝယ်မြို့အဝင် မောင်းမကန် သွားလမ်းပေါ်တွင် တည်ရှိသည်။

ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း အမြောက်ပစ်ခတ်လေ့ကျင့်မည်ကို မော်တော်ယာဉ်ဖြင့် လိုက်လံသတိပေး ကြေညာလျက်ရှိသည်။

သို့သော် အနီးကပ်မှ လိုက်လံသတိပေးနေသဖြင့် အဆိုပါကျွန်းလေးခုတွင်အလုပ်လုပ်နေသူတိုင်း မသိမည်ကို ဒေသခံအချို့က စိုးရိမ်လျှက်ရှိသည်။

အမြောက်ပစ်ခတ်လေ့ကျင့်ခြင်းကို ထားဝယ်တပ်နယ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၀၂ အမြောက်တပ်ရင်းက  ပြုလုပ်မည်ဖြစ်ပြီး တိုက်ပွဲဝငိရန် အဆင်သင့်ဖြစ်နေစေရန် လေ့ကျင့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။