ကံပေါက်ရှိ ရဲတပ်ဖွဲ့ဝင်နေအိမ် ဗုံးပေါက်

0
483

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ၊ မြသီတာရပ်ကွက်ရှိ ရဲတပ်ဖွဲ့ဝင်၏နေအိမ်တွင် စက်တင်ဘာ ၂၆ ရက် မွန်းလွဲက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပေါက်ကွဲသည့် နေအိမ်မှာ ကံပေါက်နယ်မြေရဲစခန်းတွင် တာဝန်ကျနေသည့် ရဲဒုတပ်ကြပ် ကျော်မင်းဦး ၏နေအိမ်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကံပေါက်နယ်မြေရဲစခန်းသည် မြသီတာရပ်ကွက်တွင် တည်ရှိသည်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် နေအိမ်ဝန်းကျင်တွင် ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“(ပေါက်ကွဲ) အသံကတော့ ဟိန်းနေတာပဲ” ဟု အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

တပ်အာဏာသိမ်းပြီးနောက် ကံပေါက်ဒေသတွင် ပထမဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်စဉ်လည်း ဖြစ်သည်။