သက်တော်ရှည် ဇေယျဝတီဆရာတော် ကိုဗစ်မှ ပြန်သက်သာ

0
294
ဇေယျဝတီဆရာတော်

ထားဝယ်မြို့နယ်၊ ပိန္နဲတောရပ်၊ ဇေယျဝတီပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် ဘန္တန္ဒ အရိန္ဒမ သည် ကိုဗစ်ရောဂါ ဖြစ်ပွားရာမှာ ပြန်လည်သက်သာလာပြီ ဖြစ်ကျောင်း ဆရာတော်၏ တပည့်ဖြစ်သူ ဦးဝရဉဏက မိန့်ကြားသည်။  

ဆရာတော်အား ဩဂုတ်လ ၃ ရက်နေ့တွင် ဆေးရုံသို့ စတင်ပို့ဆောင်ကုသခဲ့ပြီး ဆယ်ခြောက်ရက်ကြာပြီးနောက် ဩဂုတ်လ ၁၉ ရက်နေ့တွင်  ဆရာတော်သီတင်းသုံးရာ ဇေယျဝတီ စသင်တိုက်သို့ ကျန်းမာရေး ကောင်းမွန်စွာဖြင့် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ဦးဝရဉာဏက မိန့်ကြားသည်။

“ကောင်းတယ် ဆရာတော်က ကျန်းကျန်းမာမာပါပဲ။ စကားလည်းပြောနိုင်တယ် “ဟု ၎င်းက မိန့်ကြားသည်။

ဆရာတော်ကြီးသည် သက်တော် ၁၀၁ နှစ် သိက္ခာတော် ၈၁ ဝါ ရှိပြီးလက်ရှိ ဇေယျဝတီပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော်ဖြစ်သည်။

ဇေယျဝတီစာသင်တိုက်တွင် ဩဂုတ်လ ပထမ ပတ်က ကိုဗစ်စစ်ဆေးခဲ့ရာ ဆရာတော်ကြီးအပါအဝင် တိုက်အတွင်းဝါကပ်နေသော ရဟန်း၊ သာမဏေ အပါးသုံးဆယ်ကျော်လောက် ကိုဗစ်ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရသည်။ ယခုအခါ အားလုံးနီးပါး ပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆရာတော်သည် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဇာတိဖြစ်ပြီး ငယ်အမည်မှာ မောင်လူစီဖြစ်သည်။