ကလေးဆိုင်ကယ် ထားဝယ် ဈေးကွက်အတွင်း စဝင်

0
943
ကလေးဆိုင်ကယ်

မြက်ရိတ်စက်အင်ဂျင်တပ် ထားသည့် ကလေးစီးဆိုင်ကယ်အမျိုးအစား တစ်ခု ထားဝယ်ဈေးကွက်အတွင်း စတင် ဝင်ရောက်လာသည်။

အမြင့် နှစ်ပေခန့်သာရှိသည့် ကလေးစီးဆိုင်ကယ်ဖြစ်ပြီး ကလေး ကစားစရာအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေကြသည်။

အဆိုပါ ကလေးစီးဆိုင်ကယ် တစ်စီးလျှင် ငွေကျပ်သုံးသိန်းဝန်းကျင် ဖြင့်ရောင်းချနေပြီး လက်ရှိတွင် နှစ်စီး ခန့်သာ ရောင်းချရသေးကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ကလေးကစားစရာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။

“အခုမှ စရောင်းတာပေါ့နော်၊ နှစ်စီးတော့ ရောင်းပြီးပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

အဆိုပါ ကလေးစီးဆိုင်ကယ်တွင် မြက်ရိတ်စက်အင်ဂျင်တပ်ဆင်ထားပြီး ဓာတ်ဆီနှင့် စက်ဆီတစ်မျိုးဖြစ်သည့် 2T နှင့် ရောပြီး အသုံးပြုရကြောင်း သိရသည်။

ထားဝယ်တွင် ယင်းကလေးစီး ဆိုင်ကယ် အသုံးပြုမှု နည်းပါးနေသေးပြီး ဈေးကွက်အတွင်း ဆယ်စီးခန့်သာ တွေ့ရသည်။