ဇမ္ဗူသီရိဆေးခန်း ပုံမှန်ဖွင့်

0
185
Dawei Watch, Dawei News, Dawei News Media

ဇမ္ဗူသီရိဆေးခန်းကို ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း ဇမ္ဗူ သီရိအရေးပေါ်လူနာ ကူညီသယ်ဆောင် ရေးအဖွဲ့ထံမှ သိရသည်။

ဇမ္ဗူသီရိဆေးခန်း၌ ပုံမှန်လာပြနေသည့် တစ်ရက် လူနာဦးရေ ၂၀ ခန့်ရှိပြီး ဆန္ဒပြရာတွင် မျက်ရည်ယိုဗုံးထိသူ၊ ထိခိုက်ဒဏ်ရာရသူလူနာများကိုလည်း ကုသပေးသည်ဟု အထက်ပါအဖွဲ့ထံမှ သိရသည်။

ထိခိုက်ဒဏ်ရာပြင်းထန်သူနှင့် ဆေးရုံဆင်သင့်သူများကို ထားဝယ်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေး သည်ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အရင်တုန်းက ဖွင့်နေကျအတိုင်းပဲ ပုံမှန်ဖွင့်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆေးခန်းတွင် ဆရာဝန်နှင့် ဆရာမများ မရှိခြင်း၊ ရှိသည့် ဆရာဝန်နှင့် ဆရာမ များကလည်း လူနာတင်ယာဉ်များတွင် အသင့်လိုက်ပါနေကြခြင်း၊ ဆေးခန်းကို ပြန်လည်ပြုပြင်နေခြင်းတို့ကြောင့် ဆေးခန်းပိတ်ထားခြင်းသာဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၂၈ ရက်က ရည်ရွယ် ချက်ရှိရှိဖြင့် ဆေးခန်းပိတ်ထားသည်ဟု ပြောဆိုမှုများမှာ ကောလာဟလသာ ဖြစ်သည်ဟု တာဝန်ရှိသူက ဆိုသည်။

ယင်းနေ့တွင် သပိတ်မှောက်ဆန္ဒပြ နေသူများကို ရဲတပ်ဖွဲ့နှင့် စစ်သားများက ရော်ဘာကျည်အပါအဝင် ကျည်အစစ် များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ထားဝယ်တွင် လူ ၄ ဦးသေဆုံးပြီး ဒဏ်ရာ ရသူ ၆၀ ခန့်ရှိခဲ့သည်ဟု သိရသည်။