မြိတ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြသူများနှင့် အတူ ရပ်တည်ခဲ့သည့် ရဲတပ်သား အရေးယူခံရ

0
378
Dawei Watch, Dawei News, Dawei News Media

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြသည့် မြိတ်ပြည်သူများနှင့်အတူ ရပ်တည်ခဲ့သည့် ရဲတပ်သားတစ်ဦးအား အရေးယူထားကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် မြို့မ ရဲစခန်းမှဖြစ်ပြီး ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်လျက် ကြွေးကြော်သံများ ကြွေးကြော်ရာတွင် စပီကာတင်မော်တော်ယာဉ် ပေါ်သို့ တက်ရောက်လာပြီး မိုက်ဖြင့် ဆန္ဒပြသူဘက်မှရပ်တည်သွားမည်ကို ပြောကြားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

စစ်အာဏာက အာဏာသုံးလို့ရရင် ရပါစေ ပြည်သူဘက်က ရပ်တည်မည် ဖြစ်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါရဲတပ်သားအား ချုပ်နှောင်ထားပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

မြိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက် မနက်ပိုင်းအချိန်က စစ်အာဏာရှင်အလို မရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြရာ ကျောင်းဆရာ၊ ဆရာမများ၊ ရှေ့နေများ၊ ကျန်မားရေးဝန်ထမ်း၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အစည်းများနှင့် ပြည်သူ တစ်သိန်းကျော်ခန့် ပါဝင်ခဲ့သည်။

ဆန္ဒထုတ်ဖေါ်သူတို့သည် အောင်မင်္ဂလာရပ် မီးပွိုင့်လမ်းဆုံမှ ချီတက်ခဲ့ပြီး နောက်လယ်ရပ် ကမ်းနားလမ်းတလျှောက်နှင့် စုရပ်ဖြစ်သည့် မြစ်ငယ်ရပ်ကွက် ဗဟိုလမ်းရှိ ဗိုလ်ချုပ်မြင်းစီးရုပ်ထုအထိ ချီတက်ခဲ့ကြသည်။