မြိတ်တွင် ပဋ္ဌာန်းသပိတ် ကိုးရက်တိတိပြုလုပ်သွားမည်

0
253
မြိတ်တွင် ပဋ္ဌာန်းသပိတ်

မြိတ်မြို့ ဘုရားကြီးလမ်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်းကို ပဌာန်း သပိတ်အား ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှစပြီး ကိုးရက်တိတိပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘုရားကြီးလမ်းရှိ ဘုရား ပုထိုးများတည်ရှိရာ လမ်းတစ်ဘက်တွင် ဓမ္မစင်္ကြာဝတ်စုံတို့ဖြင့် ပဋ္ဌာန်းအကျယ် ရွတ်ဖတ်ခြင်းနှင့် မေတ္တာပို့သခြင်းတို့အား ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင် အလိုမရှိကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြ တိုက်ပွဲဝင်လျက်ရှိပြီး မြိတ်တွင် ဆန္ဒထုတ်ဖော်သည့် ငါးရက်မြောက်နေ့တွင် ပဋ္ဌာန်းသပိတ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ပဋ္ဌာန်းသပိတ်တွင် ပါဝင်ဆင်နွှဲလို သူများအနေဖြင့် လာရောက်ဆင်နွှဲနိုင်ပြီး နေ့စဉ် နံနက် ကိုးနာရီမှစတင် ရွတ်ဖတ်မည်ဖြစ်ကြောင်း ပဋ္ဌာန်းသပိတ်ဆင်နွဲ သူအချို့က ပြောပြသည်။