တရားမဝင်ဆီဆိုင်များ ဇန်နဝါရီလကုန်အပြီး ပိတ်သိမ်းရမည်

0
1068
ဓာတ်ပုံ - အောင်သူ

လိုင်စင်မရှိဘဲ တရားမဝင်ရောင်းချ နေသည့် ဆီဆိုင်များ ဇန်နဝါရီလ ကုန်တွင် အပြီးပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။

ထိုကြောင့် လူနေရပ်ကွက်များ အတွင်း လက်ကိုင်ပိုက်များဖြင့် ရောင်းချ နေသည့်ဆိုင်များ သတ်မှတ်ကာလ နောက်ပိုင်းတွင် စစ်ဆေးတွေ့ရှိပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ဖြင့် အရေးယူတော့မည်ဖြစ်သည်။

ထိုသို့အရေးယူမည့်အကြောင်းကို ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း ထုတ်ပြန်ထား သည်။

တိုင်းအတွင်း လိုင်စင်ရှိ စက်သုံး ဆီဆိုင် ၃၂ ဆိုင်သာရှိပြီး လိုင်စင် လျှောက်ထားဆဲ ဆိုင် ၃၀ ဝန်းကျင်ရှိ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ယင်းကာလမတိုင်မီ လိုင်စင်လျှောက် ထားလိုပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ပြီး လိုင်စင်မဲ့ရောင်းချနေပါက ဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း အထက်ပါ ဌာန တိုင်းကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ချစ်က ဆိုသည်။

သို့ရာတွင် စက်သုံးဆီဆိုင်အတွက် လိုင်စင်လျှောက်ထားပါက နေအိမ် တိုက်ခန်းများတွင် ဖွင့်လှစ်၍မရဘဲ သတ်မှတ်ထားသည့်အချက်များနှင့် ပြည့်စုံရမည်ဖြစ်သည်။

“ဥပမာ လိုင်စင်ယူလို့မရဘူးဆိုတာ က တိုက်ခန်းထဲမှာပန့်ခ်တင်ပြီး ရောင်းနေ တယ်။ သူတို့က သတ်မှတ်ချက်နဲ့ မညီ ဘူး။ လိုင်စင်ယူလို့မရဘူးပေါ့။ အဲလိုမျိုး တွေကို အရေးယူမှာ”ဟု ၎င်းက ပြောသည်။

စက်သုံးဆီသိုလှောင် ရောင်းချခွင့် လိုင်စင်ကို ဆိုင်နေရာ၏ အရှေ့မျက်နှာစာ အကျယ်အဝန်းအပေါ်မူတည်ကာ သို လှောင်နိုင်သည့် ဆီဂါလံပမာဏကို သတ်မှတ်ပေးကြောင်း အထက်ပါဌာန ထံမှ သိရသည်။

လိုင်စင်ရနိုင်သည့် ဆိုင်များအား လိုင်စင်လျှောက်ထားရေး တိုက်တွန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုင်စင် လျှောက်နိုင်သည့် အခင်းအကျင်းမရှိ သည့်ဆိုင်များကို အရေးယူမည်ဖြစ် ကြောင်း ဦးအောင်ဇော်ချစ်က ဆိုသည်။

ထိုသို့ အရေးယူနိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လိုင်စင်ရှိ စက်သုံးဆီဆိုင် များတွင် ဓာတ်ဆီအမျိုးအစားနှစ်မျိုးနှင့် ဒီဇယ်အမျိုးအစားနှစ်မျိုးကို ဖြန့်ဖြူး ရောင်းချကြကြောင်း ယင်းဌာနထံမှ သိရသည်။

စက်သုံးဆီဆိုင် တည်ရှိရာနေရာမှာ မြို့အတွင်းဖြစ်ပါက ဓာတ်ဆီ/ဒီဇယ် ဆီသိုလှောင်ကန်ကို မြေအောက်သံကန်များဖြင့်သာ သိုလှောင်ရမည်ဖြစ်သည်။

မြို့ပြင်ဖြစ်ပါက ဓာတ်ဆီကို မြေအောက်သံကန်ဖြင့်လည်းကောင်း၊ ဒီဇယ်ဆီကို မြေပေါ် သို့မဟုတ် မြေအောက် သံကန်ဖြင့်လည်းကောင်း သိုလှောင်ရ မည်ဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း လိုင်စင်ရှိ စက်သုံးဆီဆိုင် ၃၀ ကျော်သာရှိသော် လည်း လိုင်စင်မဲ့ဆီဆိုင် ထောင်ပေါင်းများစွာ ဖွင့်လှစ်ရောင်းချနေကြသည်။

လိုင်စင်မဲ့စက်သုံးဆီဆိုင်ရောင်းချသူအချို့ကမူ လိုင်စင်လျှောက်ထားရာတွင်သတ်မှတ်ထားသည့် အချက်အချို့ ကို ဖြေလျော့စေချင်ကြောင်း ပြောဆိုကြသည်။

“သတ်မှတ်ချက်တွေဖြေလျှော့ပေးမယ်ဆိုရင်တော့ လိုင်စင်လမ်းကြောင်း ပေါ် ရောက်လာကြမယ်။ နိုင်ငံတော် အတွက်လည်း အခွန်ငွေပိုရတာပေါ့”ဟု လောင်းလုံးမြို့နယ်တွင် လိုင်စင်မဲ့ စက်သုံးဆီရောင်းချသည့်ဆိုင်ပိုင်ရှင် ကိုရဲဝင်း က ပြောသည်။

သို့ရာတွင် လိုင်စင်မဲ့စက်သုံးဆီ ဆိုင်အများစုမှာ ထိုင်းနိုင်ငံမှတင်သွင်း လာသည့် ပန့်ခ် သို့မဟုတ် ပုလင်း များဖြင့် ခြင်တွယ်ရောင်းချနေကြသည့် အတွက် မီးဘေးအန္တရာယ်စိုးရိမ်နေသူ များလည်းရှိသည်။

ထိုသို့ အန္တရာယ်ရှိ စက်သုံးဆီ ဆိုင်များအား သေချာကြပ်မတ်စေ လိုကြောင်း ထားဝယ်မြို့ပေါ်မှ သုံးဘီး ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမျိုးဝင်းက ဆိုသည်။

“ရှိလည်း ရှိသင့်တယ်။ တကယ်လို့ သူတို့ ရောင်းချင်တယ်ဆို အန္တရာယ်ကင်းအောင်လုပ်ပေါ့။ ရှိလည်းကောင်း၊ မရှိလည်း ကောင်းဖြစ်နေတယ်”

ဟိဏ်းဇော်ကို