တနင်္သာရီနှင့် ပုလောရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကုလ ထောက်ပံ့မည်

0
169
Dawei Watch, Dawei News, Dawei News Media

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့ နယ်တွင် သဘာဝဘေးကြောင့် ထိခိုက်မှုရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရေကြီးနစ် မြုပ်သည့်နေရာများတွင် ကာကွယ်ရေး လုပ်ငန်းများ ပြုလုပ်ခြင်း၊ သဘာဝဘေး နှင့် ပတ်သက်သည့် သင်တန်းများပေးခြင်း၊ နည်းပညာနှင့် မျိုးစပါးများထောက်ပံ့ပေးခြင်း၊ အရင်းအနှီးများထောက်ပံ့ ပေးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

ယင်းအပြင် မွေးမြူရေးကဏ္ဍတွင် သဘာဝဘေးကြောင့် ထိခိုက်မှုများမရှိစေရန် ကြိုတင်ပြင်ဆင်ခြင်း၊ ရေနစ်ဒဏ်ခံနိုင်သည့် အဆောက်အအုံများနှင့် တိရစ္ဆာန် မျိုးစိတ်များကို FAO က ထောက်ပံ့ မည်ဖြစ်ကြောင်း ဦးကျော်မိုးခိုင်က ပြောသည်။

“]တောင်သူ ဘယ်လောက်ကို ဘယ်လောက်ထောက်ပံ့ပေးမယ်မသိ ရသေးဘူး။ အဓိကတော့ သဘာဝဘေး ဒဏ်တွေ ခံရပြီးတော့ နှစ်စဉ်အရှုံးပြနေတဲ့ တောင်သူလုပ်ငန်းတွေကို ဆွဲတင်ဖို့ရာ အတွက် အလုပ်လုပ်မှာ၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများတဲ့ နေရာတွေကို ထောက်ပံ့ပေးမှာ” ဟု ဦးကျော် မိုးခိုင်က ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနအနေဖြင့် မိုးလေဝသ သတင်းများကို ပြည်သူများထံ အချိန်မီထုတ်ပြန် ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သဘာဝဘေးနှင့် ပတ်သက်သည့် သင်တန်းများကို သက်ဆိုင်ရာဌာနနှင့် မိုးဇလဌာနတို့ ပူးပေါင်းပို့ချမည်ဖြစ် သည်။

ကိုဗစ် ကပ်ဘေးအလွန် ခရီးသွား လွတ်လပ်စွာ သွားနိုင်ချိန်၊ လူစုလူဝေးဖြင့် သင်တန်းများပို့ချနိုင်သည့် အချိန်၊ ကိုဗစ်ပိုးစစ်စရာ မလိုတော့သည့်အချိန် တွင် ထောက်ပံ့မှုများ စတင်မည်ဖြစ်ပြီး ရေကြီးနစ်မြုပ်သည့် နေရာများကို FAO မှ ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်ဟု ဦးကျော်မိုးခိုင်က ပြောသည်။

မြို့နယ်တစ်ခုလျှင် မည်မျှထောက်ပံ့မည်ကိုမူ မသိရသေးဟု ၎င်းက ပြောသည်။

အဆိုပါ ထောက်ပံ့မှုကို တနင်္သာရီတိုင်းတွင် ပထမဆုံးအကြိမ် ဖော်ဆောင် ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် မြို့နယ် တစ်ခု၊ ကရင်ပြည်နယ်တွင် မြို့နယ်နှစ်ခု တွင်လည်း အကောင်အထည် ဖော်မည် ဖြစ်သည်။

မိုးမြင့်