ကိုဗစ်ကာကွယ်ဆေးဝယ်ရန် ငွေလှူနိုင်

0
173
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ရောဂါ ကာကွယ်ဆေးဝယ်ရန်အတွက် အလှူငွေလှူဒါန်းလိုပါက လာရောက်လှူဒါန်းနိုင်ကြောင်း ကိုဗစ် ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထု အခြေပြု အထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။

ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေး ဝယ်ယူရန် ရန်ပုံငွေတစ်ရပ်ထူထောင်ထားပြီး အလှူရှင်များ ဖိတ်ခေါ်ထားသည်။

အလှူရှင်များအနေဖြင့် သတ်မှတ်ထားသည့် ဘဏ်ငွေစာရင်းအမှတ်များသို့ လှူဒါန်းနိုင်ကြောင်းလည်း ဗဟိုကော်မတီ က ထုတ်ပြန်ထားသည်။

ပြည်ထောင်စုအစိုးရက ကိုဗစ် ကာကွယ်ဆေးဝယ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် မြန်မာငွေ ကျပ်သန်း ၁၀ဝ၀ မတည်ထားသည်။

ထိုကဲ့သို့လှူဒါန်းရာတွင် ဘဏ်သို့ သွားရန် အဆင်မပြေခြင်း၊ အလှူငွေ ပမာဏနည်းခြင်း၊ ဘဏ်တွင်အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းရခြင်း အစရှိသည့် အကြောင်းများကြောင့် ထားဝယ်ဒေသ လူထုအခြေပြုရုံးတွင် အလှူငွေလက်ခံရ ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ဆိုသည်။

အဖွဲ့က အလှူငွေစုဆောင်းလက်ခံ ပြီး ဗဟိုကော်မတီက ထုတ်ပြန်ထားသည့် ငွေစာရင်းအမှတ်များသို့ တစ်ပတ်တစ် ကြိမ်လွှဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘဏ်ကိုလည်း လူအမြောက်အမြား သွားစရာမလိုတော့ဘူးပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။

ကာကွယ်ဆေးအတွက် မည်သည့် နိုင်ငံခြားငွေမျိုးကိုမဆို လှူဒါန်းနိုင်ကြောင်း ၎င်းက ပြောသည်။

လှူဒါန်းလိုသူများအနေဖြင့် ထားဝယ် မြို့ရှိ လူထုအခြေပြုအထောက်အကူပြု အဖွဲ့ယာယီရုံးခန်းတွင် သွားရောက် လှူဒါန်းနိုင်သည်။