တိုင်းပြင်ပ လုပ်သားများအား ခေါ်ချင်တိုင်း ခေါ်ခွင့်မပြု

0
142
Dawei Watch, Dawei News, Dawei News Media

တိုင်းပြင်ပမှ လုပ်သားများခေါ် ယူရာတွင် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားနှင့် ကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်မပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။

ကုမ္ပဏီ၊ အဖွဲ့အစည်း၊ အခြားသော ပုဂ္ဂိုလ်များအတွက် သာရေး၊ နာရေး၊ လူမှုရေးကိစ္စနှင့် လုပ်ငန်းများဆောင်ရွက် ရန် တိုင်းဒေသကြီးပြင်ပမှ လုပ်သားများ ခေါ်ယူလိုပါက တိုင်းဒေသကြီး ကိုဗစ် ကော်မတီသို့ နှစ်ပတ်ပတ်ကြိုတင်လျှောက်ထားရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လေယာဉ်ဖြင့် ခရီးသွားမည့်သူ အားလုံးတွင် ကိုဗစ်မတွေ့

တိုင်းပြင်ပမှလာမည့် အလုပ်သမားများသည် ၎င်းနေထိုင်သည့် ရပ်ကွက်/ ကျေးရွာ၊ မြို့နယ် နေထိုင်ကြောင်းထောက် ခံစာ၊ ဖြတ်သန်းလာမည့်လမ်းကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ကျန်းမာ ရေးဌာန အသိအမှတ်ပြု ကိုဗစ်-၁၉ ရောဂါပိုးကင်းရှင်းကြောင်း ထောက်ခံချက်၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဟိုတယ် ကွာရန်တင်း၊ နေအိမ်ကွာရန်တင်းနေထိုင်ရန် အလုပ်ရှင်၏ တာဝန်ခံချက် စသည့် အထောက်အထားများလိုတင်ပြနိုင်ရ မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

လုပ်သားခေါ်ယူလိုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်းများသည် အလုပ်သမားအား ရောဂါစစ်ဆေးခကို မိမိစရိတ်ဖြင့် ကုန်ကျခံမည်ဖြစ်ပြီး ဟိုတယ်ကွာရန်တင်းနှင့် ကိုယ့်အစီအစဉ်နှင့် ကိုယ်ဝင်သည့် ကွာရန်တင်းကိုလည်း မိမိစရိတ်ဖြင့် လုပ်ငန်းရှင်က တာဝန်ယူရမည်ဖြစ်သည်။

အထက်ပါအထောက်အထားများနှင့် တိုင်းဒေသကြီး ကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်မပါဘဲ ဝင်ရောက်မှုကို စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမြင့်